Local News

ပဲတီစိမ်းစျေး အနည်းငယ်မြင့်တက်လာ

Last Updated:

ပဲတီစိမ်းစျေး အနည်းငယ်မြင့်တက်လာ

          မကွေးတိုင်းဒေသကြီးအတွင်းတွင်ပဲတီစိမ်း၊မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံတို့မှာပြည်ပဝယ်လိုအား ရှိတဲ့သီးနှံများဖြစ် သလိုအရောင်းအဝယ်သွက်တဲ့သီးနှံများလည်းဖြစ်ပါတယ်။စျေးကွက်ထဲတွင်ပဲတီစိမ်းလက်ကျန်နည်းပါးနေချိန်၊မိုး ပဲတီစိမ်းများကလည်းသြဂုတ်လဆန်းပိုင်းမှလှိုင်လှိုင်ပေါ်မှာဖြစ်တာကြောင့်လက်ကျန်နည်းပြီးအရောင်းအဝယ်သွက်နေ သဖြင့်ပဲတီစိမ်းစျေးအနည်းငယ်မြင့်တက်လာတာကိုတွေ့ရပါတယ်။

     ပဲတီစိမ်းသီးနှံအနေဖြင့်ယခင်တစ်ပတ်(၁၅.၆.၂၀၂၂)ရက်နေ့တွင်ပဲတီစိမ်း(၁၉)ပိဿာ(၁)တင်းလျှင်(၄၅ဝဝဝ)ကျပ်စျေးရှိခဲ့ရာမှ ယခုတစ်ပတ်(၂၂.၆.၂၀၂၂)ရက်နေ့တွင်(၄၇ဝဝဝ)ကျပ်စျေးအထိစျေးမြင့်တက်ကာအရောင်းအဝယ်ဖြစ်နေတာကိုတွေ့ရ ပါတယ်။

Category: Local News